ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၄၇/၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)
တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၄၇/၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)
တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန် (ခ)ဦးကျော်စိန်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်